
တစ်ခါတစ်ရံတွင် အိမ်နီးနားချင်း သို့မဟုတ် သူစိမ်းများက မိမိ၏ အင်တာနက်ချိတ်ဆက်မှုများကို ခိုးယူသုံးစွဲခြင်းအတွက် Wi-Fi password တစ်ခုတည်းဖြင့် ကာကွယ်ရန် မလုံလောက်ပေ။ အချို့သော အခြေအနေများတွင် မိမိ၏ အင်တာနက်ချိတ်ဆက်မှုကို ထုတ်ကုန်အများအပြားထံ ဝေမျှသုံးစွဲခြင်းကြောင့်လည်း ဝက်ဘ်ဆိုက်များနှင့် ဗီဒီယိုများ ကြည့်ရှုခြင်းအပြင် ဖိုင်များ ပေးပို့ရာတွင် ယခင်သုံးနေကျထက် လျင်မြန်မှု နှေးကွေးနိုင်သည်။ ထို့ကြောင့် Wi-Fi သုံးစွဲသူများကို အခမဲ့ Windows app တစ်ခုဖြင့် အသုံးပြုကာ ကြည့်ရှုနိုင်မည့် နည်းလမ်းကို ဖော်ပြလိုက်ပါသည်။
အဆင့် (၁) - Who Is On My WiFi ကို install လုပ်ပါ။
အဆင့် (၂) - Install လုပ်ပြီးသည့်နောက် app ကိုဖွင့်ပါ။ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ပါ။ ပထမဦးဆုံး အဆင့်တွင် network scan ပြုလုပ်ရမည် ဖြစ်သည်။

Scan လုပ်ပြီးသည့်နောက် IP လိပ်စာ စာရင်းများပေါ်လာမည်။ IP လိပ်စာတစ်ခုချင်းစီတွင် MAC address နှင့် local IP များဖြင့် ဖော်ပြထားသည်။
အဆင့် (၃) - အကယ်၍ အပေါ်တွင် ပြသထားသည့် ဓာတ်ပုံအတိုင်း ချိတ်ဆက်မှု အများအပြား ရှိပါက ချိတဆက်မှုများကို သက်ဆိုင်ရာ နာမည်ထည့်သွင်းကာ အလွယ်တကူ ခွဲခြားထားနိုင်သည်။

အဆင့် (၄) - အကယ်၍ တစ်စုံတစ်ယောက်က သင်၏ Wi-Fi ကို အခွင့်မရှိဘဲ သုံးစွဲနေပါက wireless password ကို ပြောင်းလဲသင့်သည်။
Ref: CNET
0 comments:
Post a Comment