G730 တွေရဲ့ မြန်မာစာပြသနာ ချုပ်ညိမ်းသွားပါပြီ....
ကခ12, ကခab, abကခ, 12ကခ အစရှိသည်တို့လည်း အဆင်ပြေပါတယ်...
မြန်မာ apk တွေမှာလည် မြန်မာစာ အဆင်ပြေပါတယ်....
Windows, OS X နဲ့ Linux သုံးမျိုးလုံးမှာသုံးလို့ရအောင်ရေးထားပေးပါတယ်...
ကျွန်တော်စမ်းထားတာ G730-U00 မှာစမ်းထားတာပါ...
အခြားသော ပြသနာများ ကျန်သေးရင်လည်း ကျွန်တော့်ကို feed back ပေးကြပါလို့မေတ္တာရပ်ခံပါတယ်...
tester တော့ လိုအပ် ပါတယ်...
ကျွန်တော်စမ်းဖို့ ခဏငှားထားတဲ့ G730-U00 လေးကပြန်ပေးလိုက်ပြီမို့ပါ...
အဆင်ပြေတယ်ဆိုရင် ကြိုက်တယ်ဆိုရင် ကျွန်တော့်ကိုလည်း တချက်ပြန်ကူညီပေးကြပါ...
တခြားတော့မဟုတ်ပါဖူး...
ဒီလိုပြသနာမျိုးရှိတာ နောက်ထပ် ဘယ် model တွေကျန်သေးတယ်ဆိုတာပြောပေးပါ...
ကျွန်တော်ဆက်ကြိုးစားပေးပါ့မယ်...
နောက်ပြီး ဒီနည်းနဲ့ ဖြေရှင်းလို့ရတာ ဘယ် model တွေဆိုတာလည်း ပြန်ပြောပေးကြပါ...
Y511 မှာထည့်သလိုမျိုး ဘယ် model တွေမှာရောထည့်ရတယ်ဆိုတာပါပြောပေးကြပါ...
ကျွန်တော့်ဆီမှာ စမ်းစရာဖုန်းမရှိလို့ပါ....
phone model တွေကို ပြောတဲ့အခါ model, android version, build number...
model နဲ့ build number ပြောတဲ့အခါ အောက်ပါ command နှကြောင်းကရလာတဲ့ output ကိုပြောပေးပါ..
adb shell getprop ro.build.id
adb shell getprop ro.product.model
ကျွန်တော် android အတွက် zawgyi installer တခုထုတ်မလို့ပါ..
keyboard ရောပါပြီးသား baidu root ui မျိုးနဲ့ zawgyi installer ပါ....
Apk, Windows, OS X နဲ့ Linux လေးမျိုးလုံးကနေ android ကို မြန်မာစာသွင်းလို့ရအောင် ထုတ်ပေးမှာပါ...
computer platform တွေမှာတော့ ui ကို vroot ပုံစံမျိုးလေးလုပ်ပေးမှာပါ...
apache license အောက်မှာ open source အဖြစ် အားလုံးလေ့လာလို့ရအောင် ပြင်ချင်သလိုပြင်ပြီး အသုံးပြုလို့ရအောင်ထုတ်ပေးမှာပါ...
ကဲတောင်းဆိုတာတွေနည်းနည်းများသွားပြီ...
G730 အတွက် Myanmar Font Installer ကို ဒီမှာဒေါင်းပါ...
http://d-h.st/uYX
အားလုံးအဆင်ပြေကြပါစေ...
Sharing is caring
Aung Thiha
TAD Team Member
ဆရာ မင်္ဂလာပါ ဆရာtool လေးကကောင်းပါတယ် g730 U00ကျတော်စမ်းကြည်သာရသွားတယ် build no ကိုမသိလိုက်ဘူးေ နာက်တစ်လုံးကို g730 U00 B125 စမ်းကြည့်ပါတယ် ၁၀ကြိမ်းမကဘူး logo ရပ်ရပ်သွားလို frimware ပြန်ပြန်တင်ရတယ် ဆရာ
ReplyDelete