Xperia C3 ( D2502 ) Build Number 391 Complete CWM & Root !
အသစ်ထွက်ရှိလာတဲ့ Xperia C3 ရဲ့ အမြစ်တူးနည်းလေးတင်ပေးလိုက်ပါတယ်
ဒီကောင်လေးကတော့ တော်တော်လေး ခက်ခက်ခဲခဲရှာလိုက်ရပါတယ်
ရလာတော့လည်း Logo Error ကြီးတက်နေသေးတယ်ဗျာ.......
ဒါပေမယ့် အခုတော့ အကုန်အဆင်ပြေသွားပါပြီဗျာ......
အရင်ဆုံးတင်သူကတော့ ကိုအောင်ခိုင် ( MMAS ) ကတင်ထားပါတယ်
သူတင်ထားတာလေး ကြည့်ချင်သူများက ဒီလင့် မှာသွားကြည့်နိုင်ပါတယ်
ကျွန်တော်ကတော့ တမျိုးပေါ့ဗျာ..... ပုံမှန်လုပ်နေကျ လုပ်ငန်းစဉ်အတိုင်း
တင်ပြပေးသွားပါမယ်ဗျာ.......
အရင်ဆုံး မိမိတို့ ဖုန်းဟာ build number 391 ဖြစ်ပြီး bootloader unlock
လုပ်ပြီးသားဖြစ်ရပါမယ် bootloader ဖြည်ဖို့ အတွက်ကတော့ သူ့ မော်ဒယ်ကို တရားဝင်မပေး
သေးတော့ ကျွန်တော်တို့  Z3 Compact bootloader ဖြည်တာလေးရွေးပေးလိုက်ပါ
အားလုံးပြီးရင်တော့ လိုအပ်တာလေးတွေဒေါင်းလိုက်ရအောင်ဗျာ.....
Download ( Xperia C3 build no.391 CWM ) Pcloud Link
Download ( Stock Kernel C3 build no.391 ftf file ) Pcloud Link
ဒေါင်းလို့ ပြီးပြီဆိုရင်တော့ Xperia C3 CWM ထဲက boot.img လေးကို fastboot ကနေသွင်းပေးပါ
သွင်းနည်း ကတော့ fastboot flash boot boot.img ဆိုပြီး command ရိုက်ပေးရမှာပါ
ပြီးပြီဆိုရင်တော့ CWM ကနေ supersu.zip ဖိုင်လေးသွင်းပြီးရင် မိမိတို့ ဖုန်းလေးက အမြစ်တူးပြီးသား
ဖြစ်သွားပါပြီ ..... ဒါပေမယ့် ပြသနာက ဖုန်းစစဖွင့်ခြင်းမှာ တက်လာတဲ့ လိုဂိုက အဆင်မပြေပါဘူး
အဲ့ဒါလေး ပြန်အဆင်ပြေအောင် flashtool ကနေ stock kernel C3 build no.391.ftf ဖိုင်လေး
သွင်းလိုက်ရင် ပြန်အဆင်ပြေသွားပါလိမ့်မယ် အားလုံးအဆင်ပြေကြပါစေဗျာ......
Special Thank to : Aung Khaing ( MMAS )
0 comments:
Post a Comment