
Galaxy S3 Android version 4.3 ကို S5 Firmware မှာပါတဲ့ Features တွေအတိုင်းသုံးချင်သူများအတွက်တင်ပေးလိုက်ပါတယ် …
သုံးရတာ တော်တော်လေးကိုအဆင်ပြေစေမှာပါ … S3 ကို S5 Rom တင်မယ်ဆိုရင် S3 ရဲ့ Android version က အနည်းဆုံး 4.0 ရှိနေဖို့လိုအပ်ပါတယ် …
နောက်တစ်ချက်ကတော့ Root ရှိနေရပါမယ် … အဲ့ ၂ ချက်ပြည့်စုံရင် လုပ်ငန်းစလို့ရပြီပေါ့ဗျာ...
… ကဲ … ပထမဦးဆုံးအနေနဲ့
၁။ ဖုန်းရဲ့ USB Debugging ကို Settings -> Developer Options မှာသွားပြီး On ပေးရပါမယ် …
၂။ RevolutionaryS5-V3.zip ဒါလေးကို ဒေါင်းလုပ်ရယူလိုက်ပါ … ဒေါင်းလုပ်ပြီးပါက Zip ဖြည်စရာမလိုပါဘူး … Zip အတိုင်းလေးပဲ Phone ရဲ့ SDcard ထဲကူးထည့်ထားပေးလိုက်ပေါ့ဗျာ …
၃။ မိမိဖုန်းကိုပိတ်လိုက်ပြီး Recovery mode သို့သွားပါ။ Recovery mode သို့သွားရန် Volume up + Home + Power ၃ ခုကိုတွဲနှိပ်လျှင် Recovery Mode သို့ရောက်နိုင်ပါတယ်ခဗျာ … Recovery Mode သို့ သွားရန်ခက်ခဲနေသူများအတွက် … ROM Manager Apk လေးသုံးပြီးသွားလိုက်ပါ။ အသေးစိတ်တော့
မရှင်းပြတော့ဘူးနော် …

၎။ Recovery mode သို့ရောက်ရှီပါက Wipe data/Factory reset ၂ခုလုံးချပေးပါခဗျာ …
၅။ S5 Rom တင်ရန်အတွက် ခုဏက SD card ထဲမှာ ကူထည့်ထားတဲ့ Zip ဖိုင်လေးကို Install လုပ်ပေးရမှာဖြစ်ပါတယ်။ မေးခွန်းတွေများစွာမေးပါလိမ့်မယ်။
ဘာမှပြင်မနေပါနဲ့ … Next နဲ့ပဲသွားလိုက်ပါ … တကယ်လို့ပြင်ချင်တယ်ဆိုလဲ သူမေးတာတွေကိုစာသေချာသာဖတ်ပြီး ပြင်နိုင်ပါတယ် …
၆။ Install လုပ်ပြီးပါက Recovery mode ရဲ့ မူရင်း main page ကိုသွားပြီး Reboot လုပ်ပေးလိုက်ပါ …
ပြန်တက်လာရင်တော့ S5 Rom လေး စတင်အသုံးပြုနိုင်ပါပြီခဗျာ …
အားလုံးအဆင်ပြေကြပါစေ …
Sharing – Thaw Tar
0 comments:
Post a Comment