### Huawei Honor 3C ၀ယ်ယူသူများသတိနှင့်ဝယ်ယူရန် ###
Huawei Honor 3c ကိုဝယ်ယူရာတွင် ဈေးကွက်တွင် Quality ညံ့သော
အမျိုးအစားတမျိုးဝင်လာပါသည်။ ဈေးမှာ မူလ Quality ထက်ဈေးမှာ ၃သောင်းခန့်ဟပါသည်။ မူလ
Quality နဲ့ထင်ယောင်ထင်မှာရောင်းချနေသော ဆိုင်များရှိသည့် အတွက် နှိုင်းယှဉ် ဝယ်ယူမိစေရန်
ပုံဖြင့်တင်ပေးလိုက်ပါသည်။ ဘယ်ဘက်ခြမ်းရှိ ဖုန်းမှာ Quality ညံ့ပြီး IMEI နံပါတ်မှာ နောက်ဆုံး
ဂဏန်း 5248 ပုံသေဖြစ်ပြီး အပြောင်းအလဲမရှိပါ။ ဒုတိယ ဖုန်းမှာ မူလ Quality အမှန်ဖြစ်ပြီး IMEI
နံပါတ်အပြောင်းအလဲရှိပါသည်။ ဖုန်းရဲ့ဘူးမှာလဲ အရောင်မတူပါဘူး ၊ပါကင်ဖောက်ပြီး ဝယ်ရမည်ဟု
ဇွတ်လုပ်တတ်သော ဆိုင်များ တွင် ဝယ်ယူသော အခါအထူးသတိပြုစေချင်ပါသည်။
အားလုံးအဆင်ပြေကျပါစေ။
0 comments:
Post a Comment